ဥ




သီချင်းစာသားလေးက ရီရလို့ခဏခဏနားထောင်ဖြစ်ပါတယ်...
စာသားလေးတင်မလို့ လိုက်ရှာရင်း ဒီဆိုဒ်လေးမှာ တွေ့လို့တင်လိုက်တာပါ...
စာသားလေးနဲ့ လိုက်ဆိုတော့ ပိုရီရလို့တစုတည်းဖြစ်အောင်.. မှတ်စုအနေနဲ့တင်လိုက်ပါတယ်...
မူရင်းဆိုဒ်လေးက ... http://koluuhtwe.blogspot.com/2009/05/blog-post_17.html မှာပါ...

"ဥ"
ဟိုဘက်ခြံက ကြက်ဖနဲ့  ကျုပ်ကြက်မနဲ့ ညားးးး


သူတို့  ချစ်ခြင်းရဲ့ အချစ်သက်သေ အိမ်မှာ ဥတစ်လုံးကျ

ဟိုဘက်ခြံက အကောင် ပုကွကွ စကားပြော ဘုကျကျ
ကျုပ်ခြံထဲက ဥကို လာပြီးမ


ငါ့ခြံထဲမှာ ဥတဲ့ဥ ငါ့ကြက်မရဲ့ဥ

အတင်းဝင်ကောက်တဲ့ ဟိုဘက်က ဂျပု
မလွန်ခင် တူနဲ့ ထု



မင်းကြက်ထီးက မဥတဲ့ ဘဝ အဲဒါ မင်းကိစ္စ
မင်းမကျေနပ်ရင် ကိုယ်တိုင် ထိုင် ဥ ဟ

အဲဒီမှာစ ဝုန်းဒိုင်းကြဲကြ
အမျိုးတွေ ကလေးတွေ ဂျပုကို ဝိုင်းပြီးချ
မုတ်ဆိတ်ကိုဆွဲ ဒူးနှလုံးကြားထည့်
ကျောကိုထုတာ လက်တောင် မလည်ဘူးတဲ့…

နှုတ်ခမ်းတွေကွဲလို့  ခေါင်းလဲဖု
အညှိုးထားသွားတဲ့ ဂျပု


ဥကိုမရလို့  ကျုပ် ကြက်မ
သန်းခေါင်မှာ ခွနဲ့ ထု





ကြက်မကြီး မာလကီးယားလို့ 
နွားကြီး မှိန်းနဲ့  ထိုး



နွားသေသွားလို့ 
သူကြီးတိုင်တော့ အကြောင်းဆိုး…


အသက် ၆၀ မှ ထိပ်တုံးနဲ့ ညား



ဒေါကန်ရတာ ပြောစရာ မရှိဘူး ခင်ဗျားးး
သူ့ ဘက်က အမျိုး ကျုပ်ဘက်က အမျိုးတွေ
လမ်းမှာတွေ့ ရင် ဦးရာလူက ချ…



နေတက်ရေတက်မှာ မွေးတဲ့ ကျုပ်
စိတ်ထားက ခပ်ပုတ်ပုတ်
အချုပ်အနှောင် လွတ်တဲ့ နောက်နေ့ မနက်
အိမ်ပြန် အကြံကြီး ထုတ်





လူပါးဝလွန်းတဲ့ ဂျပုမျက်ခွက်
မျက်စိထဲကမထွက်



စပါးကျီထဲကို မီးအိမ် သွားပစ်ထည့်…


အဲဒီကစ ဝုန်းဒိုင်းကြဲကြ
အမျိုးတွေ ကလေးတွေ လွတ်ရာကို ပြေးကြ
ဂျပုရဲ့အိမ်ကြီး fire ကကဲ
သိပ်မကြာသေးခင်း ကျုပ်အိမ်ပါမီးစွဲ


ကျုပ်တစ်ရွာလုံးက ဝိုင်းငြိမ်းကြ
ကျုပ်ရှို့ တဲ့ မီးခင်ဗျ
ကြက်ဥတစ်လုံးက စတဲ့အစ

နှစ်အိမ်ထောင် ပြာဖြစ်ကြ


သင်ခန်းစာရလို့  ပုခုံးထဖက်
ဂျပုက ရှုံ့ မဲ့မဲ့



နောက်တခါ ကြက်တွေ မဥအောင် လုပ်ထားကွာ…
ကျေးဇူးတင်ပါတယ်

ကိုလူထွေး

Comments

Popular Posts