နားလည်မှု

ငါကအသုံးချတယ်တဲ့
ငါအကူအညီသာတောင်းခဲ့တာပါ…
ငါနင်လုပ်ပေးသမျှကိုမြတ်နိုးတန်ဘိုးထားခဲ့တာနင်သာအသိဆုံးပါ…
နင့့််ရည်ရွယ်ချက်က ငါ့ဘ၀ထဲက နင်ထွက်သွားချင်တာလေ… 
 သွားပါ… အဝေးဆုံးကို နင်ထွက်သွားလိုက်ပါ… 
ငါ့ရင်ထဲမှာပဲ နင့့််ကိုမြတ်မြတ်နိုးနိုး တန်ဘိုးထားချစ်နေချင်တယ်..
ဒီလိုသာဆက်သွားရင် ငါခံနိုင်ရည်မရှိတော့ဘူး
ငါမျက်ရည်ကျမှ နေသာတဲ့ချစ်သူ… 
ငါတို့နီးဖို့ ဘယ်တုန်းကမှမကြိုးစားခဲ့တဲ့ချစ်သူ….
ငါ့ကိုသာနင်မျိုးစုံအပြစ်ရှာလို့ ဘွဲ့တံဆိပ်တွေမျိုးစုံနှိပ်ခတ်လို့
ငါ့အသည်းကို နင်ရက်ရက်စက်စက် စကားလုံးလက်နက်နဲ့ခွဲခဲ့တယ်… 
သွားပါ… နင်သွားချင်နေတဲ့ ငါနဲ့ဝေးရာဆီ
နင်မလာနိုင်ပဲနဲ့ ငါ့ကိုသာလာခိုင်းတယ်… 
နင်မစွန့်လွှတ်နိုင်ပဲနဲ့ ငါ့ကိုသာနင်စွန့့််လွှတ်ခိုင်းတယ်…
ယုံကြည်လို့ ပြောခဲ့သမျှ မပြေလည်တော့ နင်လူတကာကိုပြောမတဲ့လား…
ငါနာကျင်သမျှ နင်ဘယ်တော့မှနောင်တမရခဲ့
ငါ့မျက်ရည်နဲ့မှ ခြေဆေးချင်တဲ့နင်
အကောင်အထည်မဖော်တဲ့ စကားကတိတွေနဲ့သာ နင်ငါ့ကိုချွေးသိပ်ခဲ့
လုပ်ပါ….နင်လုပ်ပါ….ဒါငါ့ရဲ့နင့့််အတွက်နောက်ဆုံးပေးဆပ်ခြင်းမို့ပါ…
နင့်စကားတွေကိုသာ အကြွင်းမရှိယုံကြည်မိသူမို့
နောက်ဆုံးနာကျင်ခဲ့ရတဲ့ငါ ရင်နာစွာနဲ့ပဲ
ငါသိပ်ချစ်ခဲ့တဲ့နင့့််ကို မမုန်းရက်လို့ စွန့့််လွှတ်ပေးလိုက်ပါတယ်..
ပျော်ရွင်ပါစေချစ်သူ.. ဒီဘ၀ဒီမျှသာပါပဲ… ငါဆုတောင်းပေးလိုက်ပါတယ်..
နင့်ဘ၀အေးချမ်းသာယာပါစေ…
နင်မြတ်နိုးပြီး ချစ်ရမယ့် ဘ၀လက်တွဲဖော်နဲ့ အမြန်ဆုံးနီးစပ်နိုင်ပါစေ.. 

ချစ်တဲ့ … venus

Comments

Popular Posts