0

မေးခွန်းများ နဲ့အဖြေများ

Posted by venus on 11:18 PM in
ဒီနေ့ ရုံးမှာHRကမန်နေဂျာကခေါ်ပြီး နင်အလုပ်တွေအရမ်းများနေတယ်... 
အလုပ်တွေနဲ့ပိနေလို့ brain exercise တစ်ခုပေးလိုက်မယ်... homework အနေနဲ့လုပ်ကြည့်ပါတဲ့ 
မေးခွန်းလေးက နှစ်ခွန်းထဲပါ...အဲဒါလေးကို ကိုယ့်ကိုယ်ကို ဖြေတစ်ခုချင်းစီကိုဖြေ ပြီးရင် ၂ခုကိုချပြီးတိုက်ကြည့်လိုက်ပါတဲ့ 
၁။ who am I ? ငါဘယ်သူလဲ? 
၂။ what am I? ငါဘာလဲ ? 
မေးခွန်းလေးက လွယ်မယောင်ယောင်နဲ့တော်တော်ခက်ပါလား... ငါတကယ်တမ်း ငါ့လိုချင်တာနဲ့ ငါရနေတာတွေ ဘာတစ်ခုမှမတိုက်ဆိုင်ပါလား။ ငါ့စိတ်ဆန္ဒထက် ငါသူများတွေကို ဦးစားပေးရင်း ငါ့အသက် ၂၈ တောင်ပြည့်တော့မှာပါလား ... ငါ့အတ္တကိုဦးစားပေးပြီး ချစ်သူတစ်ယောက်ကိုသည်းခံချစ်ခဲ့တယ်... သူ့စိတ်နဲ့ ငါ့ကိုယ်နေပေးခဲ့တယ်.... သူ့အတ္တထဲမှာ ငါ့ကိုယ်ငါပျော်ဝင်ပျောက်ဆုံးပြီး ငါ့တန်ဘိုးဆိုတာတွေ ဘာတစ်ခုမှမရှိတော့လောက်အောင်ကို ငါအောက်ကျခံချစ်ခဲ့ဘူးတယ်... တစ်ယောက်ကကောက်လို့ တစ်ယောက်ကဖြောင့်ရင် ဘယ်တော့မှ မချိတ်မိဘူးဆိုလို့ ငါအတတ်နိုင်ဆုံးပေပေါ်တင်ထုပြီး ဖြောင့်လို့ နင်နဲ့ဆီလျော်အောင် ငါကြိုးစားခဲ့ဘူးတယ်... ငါခြေကုန်လက်ပန်းကျလို့ရပ်လိုက်ချိန်မှာ ၁နှစ်ခွဲလောက် ငါသည်းခံခဲ့တဲ့ ငါတည်ဆောက်ထားတဲ့ ငါတို့မက်ခဲ့ဖူးတဲ့ ကမ္ဘာငယ်လေးက လုံးဝပျောက်ကွယ်သွားခဲ့ပြီပဲ... တကယ်တမ်းတော့ ငါ့ကိုချစ်လှပါတယ်ဆိုတဲ့ ချစ်သူက ငါ့ကိုချစ်တာမှမဟုတ်တာ... တစ်ကယ်တမ်းတန်ဖိုးထားတာက ငါ့စိတ်ဓါတ်ကိုဆို... ဒါပေမယ့် နင်လိုရာပုံသွင်းလို့ ပုံစံပြောင်းပြီး နင်ပြောင်းထားတဲ့ ပုံစံကို နင်မှမလိုချင်နေတာပဲလေ.... နင်ပျော်တယ်မလားချစ်သူ... ငါနဲ့ဝေးရာမှာ နင်ပျော်နေတယ်မလား.... ငါကငါ့ခြေထောက်ပေါ်မှာ ငါရပ်ဖို့ထက် နင့်လိုအင်တွေကိုလိုက်ဖြည့်ပြီး နင့်အနားမှာအမြဲရှိနေချင်မိတာ... မဖြစ်နိုင်သေးတဲ့အခြေအနေတွေအပေါ်မှာ ဘာလို့နားမလည်နိုင်တာလဲ... ငါနင့်ကိုအမြဲဆုတောင်းပေးနေပါတယ်.. ငါနင့်ကို ငါသည်းခံနိုင်တာတွေအားလုံးထက်ပိုပြီး သည်းခံပေးခဲ့တယ်... မှန်တယ်မလားချစ်သူ ငါပြောခဲ့တယ်လေ...နင်နဲ့ငါကြားမှာ ငါသည်းမခံနိုင်တော့တဲ့တစ်နေ့ တစ်ကယ်ပြတ်မှာပါဆိုတာ... ငါပြောခဲ့တာတွေမှန်ခဲ့တယ်ချစ်သူ... နင်နိုးထလာမယ့်မနက်ခင်းတိုင်းမှာ အမြဲတမ်းရွှင်လန်းချမ်းမြေ့ပါစေ... ငါနင့်ကိုအမြဲတမ်းချစ်နေမယ်ဆိုတာ နင်သိတယ်... နင်သိရက်နဲ့အမြဲတမ်းအနိုင်ယူနေတာကို ငါသည်းမခံနိုင်ဘူး... ငါလည်းလူသားတစ်ယောက်မို့ ငါ့မှာလည်း နာကျည်းတတ်တယ်.. ငါမကြိုက်တာတွေလည်းရှိတယ်.... ငါလည်းစိတ်ဆိုးတတ်သလို ငါ့ချစ်သူက ငါ့ကိုချော့တာလည်း ငါခံချင်တယ်...ငါ့ချစ်သူက ကတိပေးထားတာလေးတွေကို အမြတ်တနိုးနဲပ ပြောစရာမလိုအောင် တည်တာကိုလည်းလိုချင်တယ်... ..ငါ့မှာလည်းခံစားချက်..စိတ်ကူးအိမ်မက်...တန်ဘိုးထားတဲ့အရာတွေ... ဖြစ်ချင်တဲ့ဆန္ဒတွေရှိတယ်.... နင်နားမလည်နိုင်ပါဘူး....နင်သိဖို့လည်းမကြိုးစားခဲ့ပါဘူး...ဒီလိုနဲ့ပဲ ငါတို့အတူလက်တွဲလျောက်ခဲ့တဲ့ ၁နှစ်ခွဲလမ်းကလေးကနေ လမ်းခွဲလေးမှာ နင်ငါနဲ့ဝေးရာကိုထွက်သွားတာ ငါဒီအတိုင်းကြည့်နေမိတယ်... ဆွဲဖို့လည်း ငါ့ဒီထက်သည်းမခံနိုင်ဘူးလေ... နင်ကသည်းခံပေးဖို့မကြိုးစားပေးခဲ့ဘူး... ငါအနိုင်မယူခဲ့ပါဘူး နားလည်ပေးနိုင်ရင်ပဲငါကျေနပ်တာ နင်သိတယ်... ဖြစ်မလာနိုင်ပေမယ့် ငါတကယ်တမ်းမျှော်လင့်နေတာ..ငါတကယ်တမ်းချစ်တာတွေကို .... နင်သိပါစေ....


0 Comments

Post a Comment

မှာတမ်းလွှာ

Cute Couple

Copyright © 2009 Little Venus's Diary All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.