စာနာမှု
သူများကိုသာအပြစ်ပြောတတ်ပြီး
သူများလုပ်ပေးတာတော့တစ်ခွန်းအကောင်းမပြောပဲ
ကိုယ်လုပ်ပေးရတာကိုသာ ကြည့်ကြည့်ပြီး နစ်နာချက်တွက်တတ်လွန်းတဲ့ချစ်သူရေ…
ငါလုပ်ပေးခဲ့သမျှက နင့်ကိုငါချစ်လို့ လုပ်ပေးချင်လို့သာပါ…
နင်ကရော… ငါ့အပေါ်ဘာမှ အနိုင်မယူခဲ့ဖူးဘူးတဲ့လား…
နင့့််လို နစ်နာချက်တွက်ကြေးဆိုရင်လေ…
ဒီကမ္ဘာမှာချစ်သူ ဘ၀လက်တွဲဖော်တွေ တစ်ယောက်မှရှိမှာမဟုတ်ကြတော့ဘူး
လမ်းမထက်မှာတွဲသွာတဲ့ စုံတွဲတွေကို ငါငေးကြည့့််ရင်း
အားကျခဲ့တာ ၂နှစ်ပြည့့််တော့မယ်လေ….
ငါ့ခံစားချက်ကိုလစ်လျူရှုပြီး နေရာတကာ ၀န်တိုချုပ်ချယ်ချင်တဲ့သူ…
နင်ဘ၀ကို နင်စိတ်တိုင်းကျပုံဖော်ပြီး ငါ့ကျတော့ ရုပ်သေးရုပ်လုပ်မလို့လား…
နင်အရမ်းလမ်းခွဲချင်လို့ ငါ့ကိုမျိုးစုံစိတ်ဒုက္ခပေးပြီးမနှိပ်စက်ပါနဲ့
နင်ပျော်ရွှင်မယ်ဆိုရင် ကြည်ဖြူစွာ ငါစွန့့််လွှတ်ပေးမှာပါ.. …
နင်မယုံကြည်လည်းနေပါ… ငါနင့်အပေါ်ထားတဲ့အချစ်ကို မစော်ကားပါနဲ့…
သွားပါ ……. နင်မနေချင်တဲ့ ငါ့ဘ၀ထဲက နင်ထွက်သွားပါ….
နင့်ဘ၀ ငါ့ကိုပိုင်ဆိုင်ခွင့့််မပေးဘူးဆိုရင်
နင်မပိုင်ဆိုင်ချင်တဲ့ ငါ့ဘ၀ကိုလည်း
နင်ဖိနှိပ် ချုပ်ချယ်ပြီး
နင်လိုရာပုံကို မသွင်းချင်ပါနဲ့လား …
ချစ်တဲ့ … venus

Comments
Post a Comment