Chan Chan - For The Last Time (ဒီတစ်ခါ နောက်ဆုံးပဲ)

ဒီသီချင်း နားထောင် မိတိုင်း မျက်ရည်တွေအလိုလိုစီးကျလာမိတယ် ချစ်သူရယ် နင်အမြဲပျော်ရွှင်အောင်နေနော်..... ငါနင့်ကိုအမြဲပျော်ရွှင်စေချင်ခဲ့တာပါ.... ငါ့ကိုယ်ငါလဲပျော်ရွှင်အောင်ဂရုစိုက်တော့မယ်နော်...... ချစ်သူရယ်.... နင့်ကိုမေ့ပစ်ဖို့ဆိုတာ မဖြစ်နိုင်တာနင်သိတယ်.... ဒါပေမယ့်ဟာ နင်ချစ်ခဲ့ဖူးတဲ့ ငါ့ကိုယ်ငါ ပိုတန်ဘိုးထားဂရုစိုက်တော့မယ်ဟာ..... နင်လဲငါပျော်ရွှင်နေတာမြင်ချင်မှာ ငါသိပါတယ်.... နင်မြတ်နိုးတဲ့ ငါ့အပြုံးလေးတွေ ငါ့မျက်နှာမှာအမြဲတမ်းပန်ဆင်ထားတာကလေ.... နင့်ကိုမေ့သွားလို့မဟုတ်ဘူးနော် ချစ်သူ..... နင်မြတ်နိုးတဲ့ ဒီအပြုံးလေးတွေ နင်ဘယ်အချိန်ကြည့်ကြည့် နင့်ရင်မှာအေးချမ်းလွန်းတယ်ဆိုတဲ့ စကားလေးကြောင့်ပါ.... ပြုံးနေတဲ့ ငါ့မျက်နှာကို နင်သေချာငေးကြည့်ရင် ငါ့မျက်လုံးမှာ နင့်ကိုလွမ်းလို့ဝေ့နေတဲ့ မျက်ရည်လေးတွေမြင်နိုင်မှာပါ.... ငါရင်နာအောင် နင်လုပ်ရက်တာတွေ ငါတကယ်မခံနိုင်တော့ဘူး ...ဘာကြောင့်လဲဆိုတာ ငါမမေးတော့ဘူး ..... သိလဲမသိချင်တော့ဘူး.... ငါတကယ်ရူးသွားလိမ့်မယ်... ဒီတခါနောက်ဆုံးပါပဲ ချစ်သူရယ်..... ငါမင်းကို စွန့် လွှတ်ဖို့ အဆင်သင့်ပါပဲ....... ~

Comments

Popular Posts